ကုန်ပစ္စည်းပြသခင်းကျင်း |
ဟန်ကျိုး ကျင်းရွေ့ယုံချန်း အရည်စစ်စက်ကုမ္ပဏီလီမိတက်ကို ၂၀၀၃ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး ကုမ္ပဏီဧရိယာမှာ စတုရန်းမီတာ၅သောင်းကျော်ရှိသည်။ ထုတ်လုပ်မှုကိ ရိယာပြည့်စုံသော၊ ထုတ်လုပ်မှုနည်းပညာခေတ်မီသော၊ စစ်ဆေးမှုနည်းစနစ်ပြည့်ဝသော၊ နည်းပညာဆန်းသစ်တီထွင်မှုကို အခြေခံ၍ ဖွံ့ဖြိုးလာသော ဖိအားဖြင့်အရည်စစ်စက် ထုတ် လုပ်သောကုမ္ပဏီတစ်ခုဖြစ်သည်။ ပြည်တွင်း ဖိအားဖြင့်အရည်စစ်စက် ထုတ်လုပ်သော အ ကြီးစားထုတ်လုပ်သူ၊ ဝန်ဆောင်မှုပေးသူတစ်ဦးလည်းဖြစ်သည်။ ကျွန်ုပ်တို့သည် နှစ်ပေါင်း များစွာသော အတွေ့အကြုံနှင့် အဆင့်မြင့်နည်းပညာ၊ ကိုယ်ပိုင်တီထွင်မှု၊ တင်းကြပ်သော အရည်အသွေးထိန်းချုပ်မှုတို့ဖြင့် အခြေအနေကို လိုက်၍ ရှုပ်ထွေးဆန်းပြားသော အရည်စစ် ခြင်း ပြဿနာကို ဖြေရှင်းပေးသည်။ ကုမ္ပဏီ၏ကုန်ပစ္စည်းသည် အမြဲတမ်း အကောင်းဆုံး အခြေအနေတွင် လည်ပတ်နေခြင်းကို အာမခံပေးခဲ့သည်။
ကုမ္ပဏီက ထုတ်လုပ်သော ကျင်းရွေ့တံဆိပ်၊ ယုံချွမ့်တံဆိပ် van ပုံစံ၊ လေးထောင့်အ ပြားပုံစံ ဖိအားဖြင့် အရည်စစ်စက် စသည်ဖြင့် အမျိုးအစား မော်ဒယ်စုံလင်စွာရှိသည်။ ဒီဇိုင်း အပိုင်းတွင် နိုင်ငံခြားမှ ခေတ်မီနည်းပညာကို သုံးပြီး အော်တို၊ ဟိုက်ဒရောလစ်၊ မန်နယူရယ် စသည်ဖြင့် ခွဲခြားထားသည်။ ထိုထဲတွင် မက်ကမ်းနစ်ကယ်၊ အင်လက်ထရိ၊ ဟိုက်ဒရော လစ် ၃မျိုးပေါင်းစက်နှင့် မက်ကမ်းနစ်ကယ်၊ အင်လက်ထရိ၊ ဟိုက်ဒရောလစ် တစ်မျိုးချင်း သီခြားခွဲထားသောစက် ဟူ၍ ပြန်ခွဲထားသေးသည်။ အရည်စစ်ပြား၏မော်ဒယ်များမှာ 315X250 420X420 650X650 500X500 630X630 800X800 920X920 1000X1000 1250X1250 1500X1500 2000X2000 စသည်တို့ ရှိကြသည်။ အရည်စစ်သောဖိအားမှာ 0.6Mpa、1.0Mpa、1.6Mpa、2.0Mpa、2.5Mpa စသည်ဖြင့် ဂီယာအမျိုးမျိုးရှိသည်။ အရည်စစ်နိုင်သောအပူချိန်မှာ -40-120℃ အထိခံနိုင်သည်။ အရည်စစ်သောဧရိယာမှာ စတုရန်းမီတာ 0.6-1000 အထိ စစ်နိုင်သည်။ ထို့ကြောင့် ကျွန်ုပ်တို့ ကုမ္ပဏီသည် အဆိုင် အခဲနှင့် အရည်ခွဲထုတ်သောနယ်မြေအတွင်းရှိ လုပ်ငန်းအားလုံးနီးပါးကို လုပ်နိုင်သည်။
ဖိအားဖြင့်အရည်စစ်စက်၏ ဒီဇိုင်းသည် သဘာဝကျပြီး ပုံသဏ္ဌာန်လှပသည်။ သုံးစွဲနိုင် သောနေရာများပြားသည်။ ကုန်ကြမ်းပစ္စည်းအကောင်းစားကို သာထည့်သွင်းသုံးစွဲထား သည်။ ခိုင်မာပြီး အသုံးခံသည်။ van ပုံစံ၊ လေးထောင့်အပြားပုံစံ ဖိအားဖြင့်အရည်စစ်စက်၏ အားကောင်းသောပိုလီပရိုပီလင်း(Polypropylene) ဆန်ခါပြားကို ဂျီပွေ့အဝိုင်းနှင့် ဖုထွက် နေသော စင်ပုံစံလုပ်ထားသည်။ ပုံသဏ္ဌာန်ပေါ်အောင် မိုဖြင့် ဖိထားသည်။ လျင်မြန်စွာ အ ရည်စစ်နိုင်ပြီး အရည်ကို ပိုမိုကုန်စင်အောင်ညစ်နိုင်သည်။ ညီမျှစွာဆေးကြောနိုင်ပြီး အလုံ ပိတ်အားကောင်းသောကြောင့် ပုတ်သိုးခြင်းကို ကောင်းမွန်စွာ ကာကွယ်နိုင်သည်။ အဖတ် ထဲတွင် ရေပါဝင်မှုလျှော့ချရန်အတွက် ဒိုက်ယာဖရမ်(Diaphragm) ပုံစံ အရည်စစ်စက်ကို ထုတ်လုပ်ထားသည်။ လုပ်ငန်းနှင့်စီးပွားရေးအကျိုးသက်ရောက်မှုကို ကောင်းစွာမြှင့်တင် နိုင်ခဲ့သည်။ ရွေးချယ်ထားသော ပိုလီပရိုပီလင်း(Polypropylene)ကုန်ကြမ်းများသည် အ ရည်စစ်သောကိရိယာများ၏ လုပ်ဆောင်မှုကို အဆင်ပြေစေသည့်အပြင် ၎င်း၏ခံနိုင်ရည် လွန်စွာမြင့်မားသောကြောင့် အကျိုးသက်ရောက်မှုများသည်။ ဆန်ခါပြား၏ ဓာတုအခြေအ နေမှာလည်း တည်ငြိမ်ပြီး တိုက်စားမှုကို ကာကွယ်နိုင်စွမ်းမြင့်သည်။ အက်စစ်၊ မင်နရယ်၊ ဆား တို့၏ စားခြင်းကို ခံနိုင်ရည်ရှိသည်။ အဆိပ်၊ အနံ့အရသာမရှိဘဲ အလေးချိန်ပေါ့သည်။ ခိုင်မာသည်။(အပူချိန်မြင့်၊ ဖိအားမြင့်ကို ခံနိုင်သည်။) ကိုင်တွယ်ရ လွယ်ကူသည်။ သတ္တုဆန်ခါပြား။ အရည်အသွေးမြင့် ထုတ်လုပ်ထားသည်။ အပူချိန်မြင့်၊ ဖိအားမြင့်ကို ခံနိုင် သည်။ ကုမ္ပဏီ၏ ဖိအားဖြင့်အရည်စစ်စက်အမျိုးမျိုးကို ကန်မီကယ် အင်ဂျင်နီးယားရင်း (Chemical Engineering)၊ အပေါ့စားစက်မှု၊ ရေနံ၊ ဆေးဝါးထုတ်လုပ်ရေး၊ စားသောက် ကုန်၊ သဘာဝအရင်းအမြစ်ထုတ်လုပ်ရေး၊ ရွှေချက်လုပ်ငန်း၊ ကျောက်မီးသွေးလုပ်ငန်း၊ နိုင်ငံ တော် ကာကွယ်ရေးလုပ်ငန်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်း(ရွှံ့နွံကို ရေစစ်ထုတ် ခြင်း) စသောကဏ္ဍများတွင် တွင်ကျယ်စွာ အသုံးပြုနေသည်။ ကျင်းရွှေ့တံဆိပ်၊ ယုံချွမ့် တံဆိပ် ဖိအားဖြင့်အရည်စစ်စက်ကို တနိုင်ငံလုံး ပြည်နယ်နှင့်မြို့ပေါင်း ၃၀ကျော်သို့ ဖြန့်ဝေ ရောင်းချထားပြီး ဖြစ်သည်။ ထို့ပြင် ဂျာမနီ၊ အမေရိကန်၊ ဂျပန်၊ ဗီယက်နမ်၊ ဘရာဇီး၊ ချီလီ၊ တူရဂီ၊ အစ်စရေး၊ ဂျော်ဒန်၊ ဖင်လန်၊ ကိုလန်ဘီယာ၊ ထိုင်း၊ အင်ဒိုနီးရှား၊ စင်္ကာပူ၊ အီရန်၊ အိန္ဒိယ၊ သီရိလင်္ကာ၊ ဖီလစ်ပိုင်၊ ဟောင်ကောင်၊ ထိုင်ဝမ် စသည့်နိုင်ငံဒေသများသို့လည်း တင်ပို့ရောင်းချထားပြီး သုံးစွဲသူ၏ ကောင်းချီးပေးမှုကို ရရှိခဲ့သည်။ စွန့်ဦးတီထွင်မှုရှိသော ကုန်ပစ္စည်းနှင့် စနစ်ကျသော ဖြေရှင်းမှုတို့ကြောင့် ယုံချန်းသည် ကာစတန်မာ၏ အောင်မြင် မှုအတွက် မရှိမဖြစ်သော၊ တန်ဖိုးရှိသောကောင်းကျိုးများကို ပေးခဲ့သည်။
ကုမ္ပဏီသည် သုံးစွဲသူ၏ လိုအပ်ချက်အလိုက် ထူးခြားသောလုပ်ဆောင်မှုများ ပါရှိ သော ဖိအားဖြင့်အရည်စစ်စက်အမျိုးမျိုးနှင့် PP ဆန်ခါပြား၊ ဆန်ခါဘောင်(သွင်းကုန်၊ ထုတ် ကုန်ပစ္စည်းများ၏ ထူးခြားသော တောင်းဆိုမှုအပါအဝင်)အရည်စစ်ကိရိယာများ၊ တိုက်စားမှု ကို ခံနိုင်သော ပိုလီပရိုပီလင်း(Polypropylene) သို့မဟုတ် စတိန်းလပ်စတီး အရည်စုသော မြောင်း၊ အဖတ်စုသော ကားများ၊ စတီး အစာထည့်သောအိုးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း သောကိရိယာအမျိုးမျိုးကို ဒီဇိုင်းဆွဲပြီး ထုတ်လုပ်ပေးသည်။
ကျွန်ုပ်တို့၏ ရည်ရွယ်ချက်။ ကာစတန်မာအတွက် အရည်အသွေးမြင့်သော အရည်စစ် ကိရိယာများကို ထုတ်ပေးခြင်း၊ ကာစတန်မာအတွက် ပိုမိုကောင်းမွန်သော အရည်စစ်ခြင်း ကိုအကောင်အထည်ဖော်ပေးခြင်း၊ ကာစတန်မာ၏ မျှော်မှန်းချက်နှင့် လိုအပ်ချက်ကို အ တတ်နိုင်ဆုံး ဖြည့်ဆည်းပေးခြင်း။
ကျွန်ုပ်တို့၏ ဝန်ဆောင်မှု။ ကိရိယာများ စက်ရုံပြင်ပသို့ ရောက်ရှိပြီးနောက် နည်းပညာ ဆွေးနွေးမှုနှင့် အရည်စစ်သောပစ္စည်းကို စမ်းသပ်ပေးခြင်း၊ သုံးစွဲမှုတစ်မျိုးစီအတွက် အသင့် တော်ဆုံးသော အရည်စစ်ကုန်ပစ္စည်းနှင့် ကိရိယာ လုပ်ပေးခြင်း၊ တပ်ဆင်မှု၊ စမ်းသပ်မှု၊ အ ရည်အသွေးစောင့်ကြည့်ခြင်းနှင့် စစ်စတန် ထိန်းသိမ်းခြင်းတို့ကို အခမဲ့ညွှန်ကြားပေးခြင်း။
အကယ်၍ လူကြီးမင်းသည် ကျွန်ုပ်တို့၏ ကုန်ပစ္စည်းအကြောင်း ပိုမိုသိလိုလျှင် သို့မ ဟုတ် ကိစ္စရှိပါက ကျွန်ုပ်တို့အား ဖုန်း သို့မဟုတ် ဖတ်စ် ဖြင့် ဆက်သွယ်ပါ။ လူကြီးမင်းလို အပ်သော အချက်အလက်များကို ကျွန်ုပ်တို့ ပို့ပေးပြီး လူကြီးမင်းကို ထပ်ဆင့် ကူညီလိုပါ သည်။
ယုံချန်း အရည်စစ်ပစ္စည်းများသည် လူကြီးမင်းအား အချိန်မရွေး နေရာမရွေး အကျိုးပြု မည်။ ကုန်ကုန်ပြောရမည်ဆိုပါက ကျွန်ုပ်တို့သည် ကာစတန်မာ အောင်မြင်ခြင်း၏ “စွန့်ဦး တီထွင်သော တွန်းအား” ဖြစ်ရန် အမြဲကြိုးစားနေပါသည်။
ကျွန်ုပ်တို့၏ ရည်မှန်းချက်။ ကာစတန်မာအတွက် အကောင်းဆုံး အရည်အသွေး၊ အပေါဆုံးဈေးနှုန်းရှိသော ကိရိယာနှင့် နည်းပညာဝန်ဆောင်မှုကို ပေးခြင်းဖြစ်သည်။