ကုန်ပစ္စည်းပြသခင်းကျင်း |
ဒိုင်ယာဖရန်(Diaphragm)ဆန်ခါပြား
ထူးခြားချက်
“ယုံချွမ့်”မှ ထုတ်လုပ်သော ဒိုင်ယာဖရန်(Diaphragm)ဆန်ခါပြားသည် အရည်
ကောင်းစွာညစ်ထုတ်လိုသော အရည်စစ်နည်းအတွက် အသုံးဝင်သည်။ ၎င်းသည် ကျေနပ်
လောက်သော အရည်စစ်ရလဒ်ကို ရစေပြီး ဖိအားဖြင့်အရည်စစ်စက်၏ ခံနိုင်အားအတိုင်း
လည်ပတ်နိုင်ရန် အာမခံသည်။ “ယုံချွမ့်”မှ ထုတ်လုပ်သော ဒိုင်ယာဖရန်(Diaphragm)
ဆန်ခါပြားသည် ဒိုင်ယာဖရန်(Diaphragm)ကို အခြေဘောင်ထဲတွင် ထည့်ထားသော
ကြောင့်ဖိအား၏ ထိခိုက်မှုကို ရှောင်ရှားနိုင်သည်။ ၎င်းကို ဒိုင်ယာဖရန်(Diaphragm)
လဲလှယ်နိုင်သော ပေါင်းစပ်ဒိုင်ယာဖရန်(Diaphragm)ပြားဟု ခေါ်သည်။ အကြမ်းခံ၊ အသုံး
ခံ၊ အလုံပိတ် စသော ထူးခြားချက်များရှိသည်။
“ယုံချွမ့်”မှ ဒိုင်ယာဖရန်(Diaphragm)ဆန်ခါပြား ထုတ်လုပ်ရသော ရည်ရွယ်ချက်မှာ
ကုန်ကြမ်းဝင်သွားပြီးနောက်တဆင့်တွင် အဖတ်ကို ဖိညစ်ခြင်းဖြင့် စက်၏ အရည်ညစ်ထုတ်
အားကို မြှင့်တင်ကာ အဖတ်ကို ပိုမိုခြောက်သွေ့စေသည်။ ညစ်ညည်းမှုကို လျှော့ချပြီး လူ
အင်အားလျှော့သုံးနိုင်သည်။ အခြောက်ခံသောအဆင့်ကို လျှော့ချနိုင်သည်။ “ယုံချွမ့်”မှ
ဒိုင်ယာဖရန်(Diaphragm)ဆန်ခါပြား၏ အဖတ်ကို ဆေးကြောသော လုပ်ဆောင်အား
ကောင်းသည်။ မဖိညစ်မီနှင့် ဖိညစ်ပြီးနောက်တွင် လေမှုတ်နိုင်သောကြောင့် အဖတ်ထဲ
ရေပါဝင်နှုန်းကို လျှော့ချနိုင်ပြီး ဆေးကြောသောရေကို ချွေတာနိုင်သည်။
“ယုံချွမ့်”တံဆိပ် ဒိုင်ယာဖရန်(Diaphragm)ဆန်ခါပြား၏ အကြီးဆုံးမော်ဒယ်မှာ
2000*2500mm ၊ ဆန်ခါစစ်ဖိအားမှာ 1.2Mpa ဖြစ်သည်။ မော်ဒယ်မျိုးစုံရှိသည်။ အဆိုင်အ
ခဲနှင့် အရည်ကို ခွဲထုတ်သော အခြေအနေအမျိုးမျိုးကို လက်ခံနိုင်သည်။
ကုန်ကြမ်း။ သဘာဝရာဘာ၊ ပိုလီပရိုပီလင်း(Polypropylene) (ကုန်ကြမ်း၏အခြေအနေ၊
လုပ်ဆောင်သောဖိအားနှင့် လုပ်ငန်းအပူချိန်အရ သင့်တော်သော ဒိုင်ယာဖရန်
(Diaphragm)ကို ရွေးချယ်)
ကုန်ကြမ်းဝင်သောနေရာ။ ထောင့်ဘက်မှဝင်၊ အလယ်တည့်တည့်မှဝင်(အပေါ်၊အောက်)
ဒိုင်ယာဖရန်(Diaphragm)အပြား၏ တည်ဆောက်ပုံ။ ဒိုင်ယာဖရန်(Diaphragm)ကို
ဘောင်တွင် ကွပ်ထည့်။
ဒိုင်ယာဖရန်(Diaphragm)မျက်နှာပြင်။ အဝိုင်းပုံစံ ဖုထစ်
အရွယ်အစား။ အသေးဆုံး 400*400mm
最大规格1500*2000mm 、2000*2500mm