ကုန်ပစ္စည်းပြသခင်းကျင်း |
ဒိုင်ယာဖရန် ဖိအားဖြင့် အရည်စစ်စက်
ဒိုင်ယာဖရန် ဖိအားဖြင့် အရည်စစ်စက်
“ကျင်းရွေ့ယုံချန်း”မှ ထုတ်လုပ်သော ဒိုင်ယာဖရန် ဖိအားဖြင့် အရည်စစ်စက်သည် ကြိတ်သောဖိအားမြင့်ခြင်း ဒိုင် ယာဖရန်ပြား သက်တမ်းကြာရှည်ခြင်း စသောအားသာချက်များရှိသည်။ ၎င်း၏ ဖိကြိတ်သောပုံစံကို လေဖိအားနှင့် ရေဖိ အား ဟူ၍ ၂မျိုးခွဲထားသည်။ မတူညီသော လုပ်ငန်း၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သည်။ ကာစတန်မာ လိုအပ် ချက်ကို လိုက်ပြီး ဖိကြိတ်သော ပစ္စည်းများကို စားသောက်ကုန်အဆင့်နှင့် သာမန်အဆင့် ဟူ၍ တပ်ဆင်နိုင်သည်။ ထိန်း ချုပ်မှုကို PLC နှင့် လူစက် interface အသုံးပြုနိုင်သည်။ သာမန်အစာအတွက် ဒိုင်ယာဖရန်က ၃-၁၅မိနစ်ခန့် ဖောင်းကြွ ပြီးနောက်တွင် အစာသည် ကြိတ်ပြီး အရည်ညစ်ပြီးသားဖြစ်သွားမည်။ အချို့ထူးခြားသောအစာများအတွက် ဦးစွာ ဖိအား နိမ့်ကြိတ်ပြီးနောက် ဖိအားမြင့်ဖြင့် ထပ်ကြိတ်သော အဆင့်ခွဲကြိတ်နည်းကို အသုံးပြုနိုင်သည်။ p>
“ကျင်းရွေ့ယုံချန်း”မှ ထုတ်လုပ်သော ဒိုင်ယာဖရန် အရည်စစ်ပြားသည် စွမ်းရည်မြင့် အရည်ညစ်ထုတ်နိုင်ပြီး ဖိအား
ပေးကြိတ်စက်ကို အမြင့်ဆုံးစွမ်းဆောင်ရည်ရောက်အောင် အာမခံနိုင်သည်။ “ကျင်းရွေ့ယုံချန်း”မှ ပေးအပ်သော ဒိုင်ယာဖ
ရန်ပြားမှာ ကိုယ်ထည်ခွဲထားသော ဖိအားမြင့်polypropylene ဒိုင်ယာဖရန်အရည်စစ်ပြား၊ ကိုယ်ထည် ၁ခုတည်းရှိသော
ဖိအားမြင့်polypropylene ဒိုင်ယာဖရန်အရည်စစ်ပြား၊ အထဲသို့ ကွပ်ထည့်ပုံစံ အရည်စစ်ပိတ် ဖိအားမြင့်polypropylene
ဒိုင်ယာဖရန်အရည်စစ်ပြားနှင့် ရာဘာ ဒိုင်ယာဖရန် အရည်စစ်ပြားတို့ ရှိသည်။ ဒိုင်ယာဖရန် အရည်စစ်ပြားတွင် ပင်ပန်းခြင်း
ကို ခုခံနိုင်သော၊ ဟောင်းနွမ်းခြင်းကို ခုခံနိုင်သော၊ အလုံပိတ်အားကောင်းသော ထူးခြားချက်များ ရှိသည်။
ဒိုင်ယာဖရန် ဖိအားဖြင့် အရည်စစ်စက်၏ ရည်ရွယ်ချက်သည် အစာထည့်ပြီးနောက် အစာဖတ်ကို ဖိအားပေးခြင်းဖြင့်
စက် ၁ခုလုံး၏ အရည်ညစ်နှုန်းကို မြှင့်တင်ခြင်း၊ အစာဖတ်၏ ခြောက်သွေ့နှုန်းကို ပိုစေခြင်း၊ ညစ်ညမ်းမှုကို လျှော့ချခြင်းနှင့်
လူအင်အားသက်သာစေခြင်း ဖြစ်သည်။ အချို့အဆင့်များတွင် အခြောက်ခံခြင်းအဆင့်ကို လျှော့ချနိုင်သည်။ မဖိကြိတ်မီ
နှင့် ဖိကြိတ်ပြီးနောက်တွင် လေမှုတ်ပါက အစာဖတ်၏ ရေပါဝင်နှုန်းကို လျှော့ချနိုင်သည်။
ဒိုင်ယာဖရန် ဖိအားဖြင့် အရည်စစ်စက် အရည်စစ်ပြား